0
                  တာချီလိတ်မြို့နယ်၊ ရန်အောင်မြေပါလျံရပ်ကွက်ရှိ  နောင်ခမ်းအောင်ဆုပန် ပရဟိတ(ဘ/က)
 ကျောင်း၌ ကလေးငယ်များ၏ အနာဂတ်တွင်လိမ္မာယဉ်ကျေးပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း
နိုင်ရေးအတွက်အထူးရည်ရွယ်ကာ နောင်ခမ်းအောင်ဆုပန် ပရဟိတ (ဘ/က)ဓမ္မစကူးလ်ကျောင်းတော်
အဖြစ် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့ နေ့လည် ၁၂နာရီအချိန်က ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်
ခဲ့ကြသည်။

အခမ်းအနားတွင်  နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်းမှ ဆရာတော်ကဓမ္မစကူးလ်


ကျောင်းတော် ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် ၀ိုင်းဝန်းကူညီ ပါဝင် လှူဒါန်းကြသူများအား ကျေးဇူးအထူး တင်ရှိပါကြောင်းအပြင် ဓမ္မစကူးလ်နှင့် ပတ်သက်၍ သြ၀ါဒကထာ မိန့်ကြားတော်မူသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း တာချီလိတ် မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း က ဓမ္မစကူးလ်နှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် ကလေးသူငယ်များအတွက် သက်ဆိုင်သည့် ပညာရေးရှုထောင့်များကို ရှင်းလင်း တင်ပြသွားခဲ့သည်။ ဆက်လက်၍ နဂါးရုံကျောင်းဆရာတော်မှ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် လမ်းစဉ်များကို ရှင်းလင်း မိန့်ကြားတော်မူသည်။


              အဆိုပါ မိန့်ကြားမှုများအပြီးတွင် သင်ကြားခြင်းဆိုင်ရာ အခမ်းအနားအား သာသနာ့ဂုဏ်ရည်
 ကျောင်းတိုက် ဆရာတော် အပါအ၀င် နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်း ဆရာတော် နှင့် အ.ထ.က(တာချီလိတ်) ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။






 နောင်ခမ်းအောင်ဆုပန်ပရဟိတ(ဘ/က)ကျောင်းသည် မရှိနွမ်းပါး ကလေးသူငယ်များနှင့် မိဘမဲ့ ကလေးသူငယ်များအပြင် ရပ်ဝေးမြေခြားမှ ကလေးသူငယ်များအား ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးစာသင်ကျောင်း တစ်ခုဖြစ်ရာ အထက်ပါကိစ္စများနှင့်ပတ်သက်၍ လှူဒါန်းလိုသူများအနေဖြင့် ထိုင်းဖုန်း ၀၈၀၄၈၆၄၆၇၉ နှင့် ၀၈၄၆၁၃၂၁၀၇ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

Post a Comment

 
Top